သရက်သီးကို မန္တလေးတိုင်းဒေသကြီးတွင် စိန်တလုံး၊ ရွှေဟင်္သာနှင့် ရင်ကွဲစသည့် သရက် သီးမျိုးကွဲများကို စီးပွားဖြစ်စိုက်ပျိုးပြီး အခြားဒေသများတွင်လည်း မျိုးကွဲအနည်းငယ်ကို ကိုယ် တိုင်စားသုံးရန်အတွက် အိမ်ခြံဝင်းများတွင်စိုက်ပျိုးကြသည်။ ကျောက်ဆည်ခရိုင်တွင် စိုက်ပျိုးမှု အများဆုံးဖြစ်ပြီး ပြင်ဦးလွင်ခရိုင်သည် ဒုတိယအများဆုံးစိုက်ပျိုးပါသည်။ ကျောက်ဆည်ခရိုင် ဟံမြင်မိုရ် နှင့် ပြင်ဦးလွင်ခရိုင် မတ္တရာမြို့နယ်မှ ထွက်ရှိသည့် အရည်အသွေးအကောင်းဆုံး စိန်တလုံးသရက်သီးများသည် ပြည်တွင်းဈေးကွက်အပြင် ပြည်ပဈေးကွက်သို့ ထိုးဖောက်၍ ဈေးကွက်နေရာရရှိထားပြီးဖြစ်ပါသည်။
ယခုနှစ်သရက်သီးရာသီမှာ သရက်အိပ်စွပ်ဈေးမြင့်တက်လာခြင်း၊ သွင်းအားစုများဈေး မြင့်တက်လာခြင်းကြောင့် သဘာဝအတိုင်းထွက်ရှိမည့် သရက်သီးကိုသာ ခူးဆွတ်မည်ဖြစ်သည့် အတွက် အထွက်နှုန်းနည်းနိုင်ကြောင်းသိရသည်။ စိန်တလုံးသရက်သီးကို ဧပြီလမှစတင်၍ မေလ နှင့် ဇွန်လ အထိထွက်ရှိပါသည်။
ရောင်းဝယ်မှုအနေဖြင့် ပွဲစားများကခြံအရောက်လာရောက်ဝယ်ယူပြီး မန္တလေး နှင့် ရန်ကုန်ပွဲရုံများ သို့တင်ပို့မှုရှိကြောင်း၊ အချို့ခြံရှင်များကကိုယ်တိုင် မန္တလေးပွဲရုံများသို့ တင်ပို့ ရောင်းချမှုရှိကြောင်းသိရသည်။
သရက်သီးဈေးနှုန်းအနေဖြင့် လတ်တလောမှာ အရည်အသွေးအလိုက် တစ်လုံးလျှင် အနိမ့် ဆုံးဈေး ကျပ် ၃၅၀မှ၄၀၀၊ အမြင့်ဆုံးဈေး ကျပ် ၁၀၀၀မှ ၁၅၀၀ကျပ်ခန့်ရှိကြောင်း၊ သရက်သီးကို တန်ဖိုးမြှင့်ထုတ်ကုန်များအဖြစ် သရက်ပြင်၊ သရက်သီးဆားစိမ်(ဆီစိမ်)၊ သရက်သီး အနှစ်၊ သရက်သီးခြောက်၊ သရက်ယိုနှင့် သရက်သီးအချဉ်ပေါင်းတိုကို ထုတ်လုပ်ရောင်းချနေ သည့် MSME လုပ်ငန်းရှင်များလည်းရှိကြောင်း သိရသည်။